Collector
ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေး အာဏာပိုင်များ ကြည့်ရှုစစ်ဆေး | Collector
ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေး အာဏာပိုင်များ ကြည့်ရှုစစ်ဆေး
Popular Journal

ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေး အာဏာပိုင်များ ကြည့်ရှုစစ်ဆေး

Credit to Popular Journal - ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေးအတွက် အာဏာပိုင်များက ယမန်နေ့ (ဧပြီ ၇) က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာ၌ မြေအသုံးချမှုများအား ကြည့်ရှုနိုင်ရန် ဝေဟင်မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်ခဲ့သည်။ ထို့အပြင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးရေးဟောပြောပွဲကိုလည်း ကျင်းပခဲ့သည်။ ထိုနည်းတူ ကျိုင်းတုံမြို့နယ် လွိုင်မွေမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌လည်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးရေး ဟောပြောပွဲကိုကျင်းပရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ The post ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေး အာဏာပိုင်များ ကြည့်ရှုစစ်ဆေး appeared first on Popular .

Go to News Site