Collector
ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ် | Collector
ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ်
Popular Journal

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ်

Credit to Popular Journal - တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပထမပုံမှန် အစည်း အဝေးများလည်း ယနေ့ ဧပြီလ (၈) ရက်တွင် ပြီးဆုံးပြီ ဖြစ်သည်။ ယနေ့ကျင်းပခဲ့သော အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့အကျိုးဖော်ဆောင်ရာတွင် မိမိတို့ရွေးကောက်ခံရသော နယ်မြေအလိုက် ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့အကျိုးကို ဦးတည်ဆောင်ရွက်ကြရန် အလေးပေးမှာကြားခဲ့သည်။ ထို့ပြင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန်နှင့် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ (၁၆) ရက်တွင် စတင်ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ The post ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ် appeared first on Popular .

Go to News Site