Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သင်္ကြန်မတိုင်ခင် ပြည်သူဖြန့်ဆီများအဆင်ပြေစွာဖြန့်ဝေရန်စီမံထားကြောင်း ဧပြီ ၇ ရက်ကကျင်းပခဲ့သည့် အသင်း၏ ဆီကန်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။ သင်္ကြန်မတိုင်ခင် ပြည်သူဖြန့်ဆီများနှင့် စက်မှုကုန် ကြမ်းဆီများအဆင်ပြေစွာဖြန့်ဝေရန်၊ ဆီကန်များဘက်မှ ဆီထုတ်ယူသူများနှင့် လိုအပ်သလိုစီမံခန့်ခွဲရန်၊ သယ်ယူပို့ဆောင်ရေးတာဝန်ယူထားသည့် “တော်ဝင်ဧကရာဇ်”ကုမ္ပဏီမှ သင်္ကြန်မတိုင်ခင်စားသုံးသူများထံ ဆီများရောက်ရှိအောင်ဆောင်ရွက်ပေးရန်စီမံထားကြောင်း သိရသည်။ သင်္ကြန်မတိုင်ခင် ဆီသင်္ဘောများဖြင့်ဆက်တိုက်ရောက်ရှိလာမည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်းရှိ ဆီကန်များတွင်သိုလှောင်ထားရန်၊ ဆီသင်္ဘောများကြန့်ကြာမှုမရှိစေရေး၊ တင်သွင်းလာသော Importer များ Charges မပေးဆောင်ရရေးတို့အတွက်လည်းစီမံထားကြောင်း သိရသည်။ ထို့ပြင် ဆီများထားရှိမည့် သိုလှောင်ကန်များတွင် စနစ်တကျထည့်သွင်းလက်ခံရန်၊ သင်္ကြန်ကာလတွင် ဆီကန်များပိတ်ထားသော်လည်း ဆီလက်ခံပေးနိုင်ရေးအတွက် ဝန်ထမ်းများထားရန်၊ ဧပြီလထဲတွင်တင်သွင်းသောအရံဆီများကို ဆီကန်များတွင် စနစ်တကျသေချာစွာထည့်သွင်းနိုင်ရေးအတွက် ဆီကန်များတွင် အပြည့်အဝထည့်နိုင်ရေးစီစဉ်ဆောင်ရွက်ရန်လည်း စီမံထားကြောင်း သိရသည်။ ထို့အတူ ဆီဖြန့်ချီရာတွင် သင်္ကြန်တွင်းဆီမပြတ်လတ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအဆင်ပြေစေရေးကို ဆီအသင်းမှဦးဆောင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ The post မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သင်္ကြန်မတိုင်ခင် ပြည်သူဖြန့်ဆီများအဆင်ပြေစွာဖြန့်ဝေရန်စီမံထား appeared first on Popular .
Go to News Site