Khit Thit Media
ရန်ကုန်၊ ဧပြီ ၈ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက် အား နိုင်ငံတကာမှ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု (Sanctions) များ ချမှတ်ရန် Justice For Myanmar (JFM) က ထပ်မံတိုက်တွန်း တောင်းဆိုလိုက်သည်။ ချွေးမဖြစ်သူ မျိုးရတနာထိုက်သည် စစ်ခေါင်းဆောင်မိသားစုအပေါ် ချမှတ်ထားသည့် ပိတ် ဆို့မှုများကို ရှောင်လွှဲရန်အတွက် အဓိက “ဂယ်ပေါက်” (Loophole) တစ်ခုအဖြစ် အသုံးပြုခံနေရခြင်းကြောင့် ဖြစ်သည်။ ဒဏ်ခတ်ပိတ်ဆို့မှု ဟာကွက်များကို အသုံးပြု၍ ဘန်ကောက်တွင် အိမ်ရာဝယ်ယူခြင်း JFM ၏ ထုတ်ဖော်ချက်အရ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် အမေရိကန်နှင့် ကနေဒါတို့၏ ပိတ်ဆို့မှုကို ခံထားရသော်လည်း ဇနီးဖြစ်သူ မျိုးရတနာထိုက်မှာ မည်သည့်နိုင်ငံ၏ ပိတ်ဆို့မှုကိုမျှ မခံရသေးပေ။ ထိုဟာကွက်ကို အသုံးပြု၍ […] The post မင်းအောင်လှိုင်၏ ချွေးမ မျိုးရတနာထိုက်ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရန် JFM က ထပ်မံတောင်းဆို appeared first on Khit Thit Media .
Go to News Site