Khit Thit Media
ရန်ကုန်၊ ဧပြီ ၈ ကရင်နီပြည်နှင့် ရှမ်းတောင်ဒေသတို့ကို စစ်ရေးလိုအပ်ချက်အရ စစ်ဒေသ ၅ ခုဖြင့်ဖွဲ့စည်းလိုက် ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။ လက်ရှိ စစ်အာဏာရှင်စနစ် တော်လှန်ရေးတွင် တပ်ဖွဲ့များ၏ ဆောင်ရွက်မှုများကို ပိုမိုကျစ်လစ်တိ ကျစေရန်၊ အရည်အသွေး စွမ်းဆောင်ရည် ပြည့်မီစေရန်၊ လုပ်ငန်းများအား ထိရောက်စွာ အကောင် အထည်ဖော်နိုင်စေရန်နှင့် အမိန့်ပေးမှုစနစ်အား ပိုမိုတိကျခိုင်မာသော တပ်ဖြစ်စေရန် ရည်ရွယ်၍ က ရင်နီပြည်နှင့် ရှမ်းတောင်ဒေသ တို့ကို စစ်ဒေသ ၅ ခုဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ် ကြောင်း သိရသည်။ “ကျနော်တို့ ကရင်နီဒေသပေါ့၊ ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် စစ်ဒေသ ၅ ခုကို ဖွဲ့စည်းလိုက် တာ ဖြစ်ပါတယ်။ အဓိကကတော့ […] The post ကရင်နီပြည်နှင့် ရှမ်းတောင်ဒေသတို့ကို စစ်ရေးလိုအပ်ချက်အရ KNDF က စစ်ဒေသ ၅ ခု ဖွဲ့စည်း appeared first on Khit Thit Media .
Go to News Site