Khit Thit Media
ရန်ကုန်၊ ဧပြီ ၈ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်း မင်းပြားမြို့နယ်၊ လေးမြို့မြစ် အရှေ့ဘက် အခြမ်းရှိကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၀ လုံးကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်များသည် ဆက်လက်ဝဲပျံနေဆဲဖြစ်သောကြောင့် ပြည်သူများ ထပ်မံဗုံးကျဲခံရမည့်ကို စိုးရိမ်ထိတ်လန့်နေကြရပြီး ဘေးလွတ်ရာထွက်ပြေးနေကြရကြောင်း သိရရှိသည်။ “စစ်ခွေးတွေ ဗုံးလာကျဲသွားတယ်။ အဖြစ်အပျက်က မှန်တယ်။ ထိခိုက်ဒဏ်ရာ […] The post မင်းပြားမြို့နယ်သို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက် appeared first on Khit Thit Media .
Go to News Site