Collector
အပစ်ရပ်ရေးကိုထောက်ခံသော်လည်းလက်ဘနွန်မပါ–နေတန်ယာဟု | Collector
အပစ်ရပ်ရေးကိုထောက်ခံသော်လည်းလက်ဘနွန်မပါ–နေတန်ယာဟု
Popular Journal

အပစ်ရပ်ရေးကိုထောက်ခံသော်လည်းလက်ဘနွန်မပါ–နေတန်ယာဟု

Credit to Popular Journal - အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းမည့် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ရုံးက ဖော်ပြခဲ့သော်လည်း သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှုတွင် လက်ဘနွန်၌ အစ္စရေး၏ လက်ရှိစစ်ဆင်ရေးများ ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အမေရိက၊ အစ္စရေး၊ အီရန်၏ အာရပ်အိမ်နီးချင်းများနှင့် ကမ္ဘာကို အီရန်က နျူကလီးယား၊ ဒုံးကျည်နှင့် အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှုများ ထပ်မလုပ်နိုင်စေရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်၏ လုပ်ဆောင်ချက်များကို အစ္စရေးက ထောက်ခံကြောင်း ဗုဒ္ဓဟူးနေ့က X ပေါ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ နေတန်ယာဟုက ပြောကြားခဲ့သည်။ သို့သော် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးတွင် “လက်ဘနွန် မပါဝင်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အမေရိက၊ အီရန်နှင့် ၎င်းတို့၏ သက်ဆိုင်ရာ မဟာမိတ်များသည် လက်ဘနွန်နှင့် အခြားနေရာများအပါအဝင် နေရာတိုင်းတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် […] The post အပစ်ရပ်ရေးကိုထောက်ခံသော်လည်းလက်ဘနွန်မပါ–နေတန်ယာဟု appeared first on Popular .

Go to News Site