Popular Journal
Credit to Popular Journal - နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတသစ္စာပြုအခမ်းအနားတက်ရောက်မည့် အိန္ဒိယနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ပရေးရာဝန်ကြီးဌာန Minister of State Mr. Kirti Vardhan Singh မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် Minister of State Mr. Kirti Vardhan Singh အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းတို့က ကြိုဆိုခဲ့ကြသည်။ Minister of State Mr. Kirti Vardhan Singh သည် မြန်မာနိုင်ငံခရီးစဥ်အတွင်း၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုအခမ်းအနားတက်ရောက်ခြင်း၊ မြန်မာအစိုးရ၏အဆင့်မြင့်အရာရှိကြီးများနှင့်တွေ့ဆုံခြင်း၊ အိန္ဒိယနွယ်ဖွားများနှင့်အတူ အိန္ဒိယ၏ မိတ်ဆွေများအားတွေ့ဆုံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ The post နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမ္မတသစ္စာပြုအခမ်းအနားတက်ရောက်မည့် အိန္ဒိယနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ပရေးရာဝန်ကြီး ဌာနဝန်ကြီး မြန်မာနိုင်ငံရောက်ရှိလာ appeared first on Popular .
Go to News Site