Collector
နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲကို တရုတ်နိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်တက်ရောက်မည် | Collector
နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲကို တရုတ်နိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်တက်ရောက်မည်
Popular Journal

နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲကို တရုတ်နိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်တက်ရောက်မည်

Credit to Popular Journal - မနက်ဖြန် ဧပြီ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံသမ္မတ Xi Jinping ၏အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (CPPCC)အမျိုးသားကော်မတီ ဒု-ဥက္ကဋ္ဌ Jiang Xinzhi တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေးညီလာခံ (CPPCC) အမျိုးသားကော်မတီ (၁၄)ကြိမ်မြောက်၏ ဒု-ဥက္ကဋ္ဌအဖြစ် ၂၀၂၃ ခုနှစ်၊ မတ် ၁၀ ရက်တွင် ဘေဂျင်းမြို့၌ကျင်းပသော (၁၄)ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။ လက်ရှိတွင် ကျန်းရှင်ကျီသည် CPPCC အမျိုးသားကော်မတီ (၁၄ ကြိမ်မြောက်) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဖွဲ့အစည်းရေးရာဌာနတွင် နေ့စဉ်လုပ်ငန်းတာဝန်များကို ကြီးကြပ်ဆောင်ရွက်သော ဒုတိယခေါင်းဆောင်လည်း ဖြစ်သည်။ The post နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲကို တရုတ်နိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်တက်ရောက်မည် appeared first on Popular .

Go to News Site