Popular Journal
Credit to Popular Journal - နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ဝင်များ မနက်ဖြန် ဧပြီ ၁၀ ရက်တွင် ကတိသစ္စာပြုမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်၌ ကတိသစ္စာပြုကြမည်ဖြစ်ကာ ကတိသစ္စာပြုပြီးချိန်တွင် ကတိသစ္စာပြုလွှာပေါ်၌လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတများအပါအဝင် ယနေ့ ဧပြီ ၉ ရက်က ပြည်ထောင်စုလွှတ်တော်မှအတည်ပြုပေးခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကတိသစ္စာပြုကြမည်ဖြစ်ကြောင်း သိရသည်။ The post နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့ဝင်များ မနက်ဖြန် ဧပြီ ၁၀ ရက်တွင် ကတိသစ္စာပြုကြမည် appeared first on Popular .
Go to News Site