Khit Thit Media
ရန်ကုန်၊ ဧပြီ ၉ နေပြည်တော်နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားပြီး စစ်မှုထမ်း တပ်သားသစ်များကိုလည်း ထပ်မံ အင်အားဖြည့်တင်းထားနေကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်က နေပြည်တော်နှင့် ရေတာရှည်မြို့နယ် အစပ် ပဲခူးရိုးမဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် ကုန်းသာရွာနှင့် ကျိုးအောင်းရွာမှ စတင်ပြီး ရိုးမအစပ် တောက်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် စစ်ကြောင်းများ ရှေ့ဆက် တိုးနိုင်ခြင်းမရှိကြောင်း၊ ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် စစ်မှုထမ်း တပ်သားသစ် […] The post နေပြည်တော်နှင့် ရေတာရှည်မြို့နယ် အစပ်သို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများတွင် စစ်မှုထမ်း တပ်သားသစ်အများအပြားပါဝင် appeared first on Khit Thit Media .
Go to News Site