Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၀ မြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းများကို စစ်တပ်က ယနေ့ ထပ်မံမြှင့်တင်လိုက်ရာ 95 ဓာတ်ဆီတစ်လီတာလျှင် ၄၉၄၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၇၇၅၅ ကျပ်အထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး ဆီခွဲတမ်းများ အလွန်အမင်းလျော့ချနေသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆီပြတ်လပ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဆီဆိုင်လုပ်ငန်းရှင်များထံမှ သိရှိရသည်။ ယနေ့စျေးနှုန်းထုတ်ပြန်ချက်အရ ၉၂ ဓာတ်ဆီမှာ တစ်လီတာလျှင် ၄၇၃၅ ကျပ် (ယခင်စျေးနှုန်းထက် ၁၁၀ ကျပ်တက်)၊ ၉၅ ဓာတ်ဆီမှာ ၄၉၄၅ ကျပ် (၁၆၅ ကျပ်တက်)၊ ဒီဇယ်မှာ ၆၄၈၅ ကျပ် (၈၀၅ ကျပ်တက်) နှင့် ပရီမီယံဒီဇယ်မှာ ၇၇၅၅ ကျပ် (၉၅၀ ကျပ်တက်) အထိ အသီးသီးမြင့်တက်သွားခြင်းဖြစ်ကာ ဒီဇယ်စျေးနှုန်းမှာ သိသိသာသာ ခုန်တက်သွားခြင်းဖြစ်သည်။ စက်သုံးဆီလုပ်ငန်းရှင်များ၏ […] The post 95 ဓာတ်ဆီ ၁ လီတာလျှင် ၄၉၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် ၁ လီတာ ၇၇၅၅ ကျပ်အထိ စစ်တပ်က စျေးနှုန်းမြှင့်တင်၊ ဆီခွဲတမ်းများကို ထပ်မံ လျော့ချလိုက်သဖြင့် ဆီဆိုင်များ ဆီပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ appeared first on Khit Thit Media .
Go to News Site