Collector
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ယနေ့ ကျမ်းသစ္စာကျိန်ဆို | Collector
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ယနေ့ ကျမ်းသစ္စာကျိန်ဆို
Popular Journal

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ယနေ့ ကျမ်းသစ္စာကျိန်ဆို

Credit to Popular Journal - တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးသတ္တမနေ့ကို ယနေ့(ဧပြီလ ၁၀ ရက်)မနက်၁၀ နာရီတွင် လွှတ်တော်ခန်းမအတွင်း ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆိုကာ ဝန်ကြီးချုပ်သစ်မှ မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ကတိသစ္စာပြုခြင်း၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များ ကတိသစ္စာပြုခြင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊တရားလွှတ်တော် တရားသူကြီးများ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သစ်က မိန့်ခွန်းပြောကြားခြင်းခဲ့ရာ “ဝန်ကြီးချုပ်အဖြစ်လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းထောက်ခံပေးတဲ့အတွက် များစွာကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ ဧရာဝတီတိုင်းဟာ ရေခံမြေခံကောင်းတွေများစွာရှိတာကြောင့် လယ်၊ယာ၊သား၊ငါး၊ကဏ္ဍအပြင် ပညာရေးကဏ္ဍတွေပါ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်လုပ်ဆောင်ရမှာဖြစ်ကြောင်းနဲ့ ရက်၁၀၀ စီမံကိန်းမှာ ဂရံမြေ ချထားခြင်း၊ ပုံစံ ၇ ပြုလုပ်ခြင်းနဲ့မှတ်ပုံတင် ပြုရမည့်သူများကို စိစစ်လုပ်ဆောင်ပေးခြင်နှင့် အသက်အပိုင်းအခြားလိုက် မှတ်ပုံတင်လဲလှယ်ပေးခြင်း စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးသွားမယ်”ဟု ပြောကြားသည်။ ထို့နောက် […] The post ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ယနေ့ ကျမ်းသစ္စာကျိန်ဆို appeared first on Popular .

Go to News Site