Popular Journal
Credit to Popular Journal - နယ်စပ် ဒေသ ကုန်သွယ်ရေးအပါအဝင် နှစ်နိုင်ငံကြား အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha – Nukar မှ ယနေ့ ဧပြီ ၁၀ ရက်မွန်းလွဲပိုင်းက လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် ထိုင်းနိုင်ငံကိုယ်စား မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတက်ရောက်ခွင့်ရရှိခဲ့၍ ဝမ်းမြောက်ဂုဏ်ယူမှု၊ နှစ်နိုင်ငံကြား အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးကဏ္ဍ၊ ရင်နှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများပပျောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး H.E. Dr. Parnpree Bahiddha – Nukar ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ […] The post မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ဂါရဝပြုတွေ့ဆုံ appeared first on Popular .
Go to News Site