Popular Journal
Credit to Popular Journal - မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆွေး နွေး မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အားကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် H.E.Mr. Kitti Settha Pandita CHAM Prasidh တို့မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတက်ရောက်ခဲ့မှု၊ မြန်မာ- ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ The post မြန်မာနိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တို့မှဂါရဝပြုတွေဆုံ appeared first on Popular .
Go to News Site