Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့တက်ရောက်ခဲ့သည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL သည် ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ နိုင်ငံတော်သမ္မတအား လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ အနေ ဖြင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ကျမ်း သစ္စာကျိန်ဆိုပွဲအခမ်းအနားတက်ရောက်ခဲ့မှု၊ မြန်မာ နိုင်ငံနှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတိုး တက်ကောင်းမွန်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရေး၊ နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု၊ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။ The post မြန်မာနိုင်ငံတော်သမ္မတအား ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌမှ ဂါရဝပြုတွေ့ဆုံ appeared first on Popular .
Go to News Site