Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရှေ့မှောက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးများ၊ ဒု-စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များအဖြစ်ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသောပုဂ္ဂိုလ်များ ယနေ့ ဧပြီ ၁၀ ရက်က မိန့်ခွန်းနာခံပြီးကတိသစ္စာပြုခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုမြင်း စီးတပ်ဖွဲ့ကကြိုဆိုပြီး ဂုဏ်ပြုခံစင်မြင့်၌ ဂုဏ်ပြုတပ်ဖွဲ့ ၏အလေးပြုခြင်းကိုခံယူစဥ် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ အမြောက်(၂၁)ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်ခဲ့ကြပြီးနောက် မြန်မာနိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးပြီး ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သမ္မတအား စစ်ကြောင်းပုံဖြင့်ချီတက်အလေးပြုခဲ့ကြသည်။ ထို့နောက် ကတိသစ္စာခံယူမည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးများ၊ ဒု-စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသူများက နိုင်ငံတော်သမ္မတရှေ့မှောက်တွင်နေရာယူပြီး ကတိသစ္စာပြုခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားပြီးနောက် မြန်မာနိုင်ငံတော်သမ္မတ၏မိန့်ခွန်းကို မှတ်တမ်းတင်ပြီး မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကတက်ရောက်လာကြသူများအား သမ္မတအိမ်တော်၊ Banquet Hall ၌ […] The post မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရှေ့မှောက်တွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ မိန့်ခွန်းနာခံပြီးကတိသစ္စာပြု appeared first on Popular .
Go to News Site