Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၀ မကွေးတိုင်း၊ မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ်အကြား လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သုံးပွင့်ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၈ ရက်နေ့ အင်အား ၅၀ ခန့်ပါဝင်သော စစ်တပ်စစ်ကြောင်းကို သရက်ခရိုင်အမှတ် (၃) တပ်ရင်း (ငါးပြေမပြောက်ကျားတပ်ဖွဲ့) နှင့် နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦး […] The post မြို့သစ်နှင့် နတ်မောက်မြို့နယ်အကြား စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို appeared first on Khit Thit Media .
Go to News Site