Khit Thit Media
ရန်ကုန်၊ ဧပြီလ ၁၁ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းပေါ်တွင် စစ်ကောင်စီနှင့် နီးစပ်သည့် အငြိမ်းစားအရာခံဗိုလ်တစ်ဦး၏ စစ်တပ်ထုတ်ကုန် အရက်နှင့် ဘီယာအများအပြားကို Southern YSO PDF အဖွဲ့က ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၇ ရက်နေ့က ရေစကြိုမြို့နယ်အတွင်းရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှောင်တခင် စစ်ဆေးမှုများပြုလုပ်စဉ် ရေစကြိုမြို့သို့ ဦးတည်မောင်းနှင်လာသည့် ကုန်တင်ကားတစ်စီးပေါ်မှ စစ်တပ်ထုတ်ကုန် အရက်နှင့်ဘီယာ ၂၇၂ ဖာကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပစ္စည်းများသည် ခလရ ၂၅၇ တပ်ရင်းမှ အငြိမ်းစားယူထားသည့် အရာခံဗိုလ် ကျော်လွင် ပိုင်ဆိုင်သော “ဧဒင်နန်း” အရက်ဆိုင်သို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ အရာခံဗိုလ် ကျော်လွင်သည် […] The post ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် အငြိမ်းစားအရာခံဗိုလ်ကျော်လွင် ပိုင် စစ်တပ်ထုတ်ကုန် အရက်နှင့် ဘီယာ ၂၇၂ ဖာကို ဖမ်းဆီးရရှိ appeared first on Khit Thit Media .
Go to News Site