Popular Journal
Credit to Popular Journal - တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အရေးပါသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သင့်ကြောင်းကို သောကြာနေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံဘက်မှသတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ ကင်မ်သည် မော်စကိုနှင့် ဆက်ဆံရေးကို မြှင့်တင်နေခဲ့မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်ဖက်အပြန်အလှန်ဆက်ဆံမှုများ ရပ်တန့်သွားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန် ရည်ရွယ်၍ ကြာသပတေးနေ့မှစကာ ဝန်ကြီးဝမ်ယိ ပြုံယမ်းသို့ နှစ်ရက်ကြာခရီး ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ “နိုင်ငံတကာအခြေအနေတွေ ရှုပ်ထွေးပြီး မငြိမ်သက်ဖြစ်နေတဲ့အချိန်မှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ အဓိကကျတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေမှာ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သင့်ပါတယ်” ဟု ဝမ်က ကင်မ်ကို ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နှစ်နိုင်ငံအကြား အဆင့်အသီးသီးတွင် အပြန်အလှန်ဆက်ဆံမှုနှင့် ဆက်သွယ်မှု […] The post ၀မ်ယိနှင့် ကင်မ်တို့ တွေ့ဆုံ appeared first on Popular .
Go to News Site