Collector
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်ခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေးပို့ | Collector
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်ခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေးပို့
Popular Journal

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်ခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေးပို့

Credit to Popular Journal - ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်တင်မြှောက်ခဲ့သည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်ခြင်းအတွက်ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ကပေးပို့ခဲ့ကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ဦးမင်းအောင်လှိုင် ရွေးကောက်တင်မြှောက်ခြင်းခံရခြင်းကို ဘရူနိုင်းနိုင်ငံ၊ ဘုရင်းမင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ ကဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အတူ ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ အန်တွန် ကိုဗျာကော့ဗ် ကလည်း နိုင်ငံတော်သမ္မတအ ဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရခြင်းအတွက် ဝမ်း မြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးညိုစောထံသို့လည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ထိုင်းနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန် ကေ့ကဲ့ပို့ ကပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အတူ ဒု-သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် […] The post မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်ခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေးပို့ appeared first on Popular .

Go to News Site