Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံ၏ အဓိပ္ပာယ် ပြည့်ဝလှသည့် မြန်မာရိုးရာ မဟာသင်္ကြန်အတွက် အမေရိကန်၊ဂျာမနီ ၊ဒိန်းမတ်၊ကနေဒါ၊နော်ဝေ စသည့်နိုင်ငံများမှ မြန်မာနိုင်ငံ အခြေစိုက်သံရုံးများက နှစ်သစ်ကူးဆုမွန်ကောင်းတောင်းခြင်းကို ယနေ့ တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်၊ဂျာမနီ ၊ဒိန်းမတ်၊ကနေဒါ၊နော်ဝေ နိုင်ငံများမှ မြန်မာနိုင်ငံ အခြေစိုက် သံရုံး များ၏ လှုမှုကွန်ယက်စာမျက်နှာက တဆင့် အသိပေးထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်သံရုံးအနေဖြင့် နှစ်သစ်ကူး အရသာစမ်းသပ်ပွဲနှင့် အတာအင်္ကြန်၏ အငွေ့အသက်များကို ဖော်ဆောင်နေပြီးသင်္ကြန်ကာလ လူကြိုက်များသည့် မုန့်တစ်ခုဖြစ်သည့် ရိုးရာ မုန့်လုံးရေပေါ် လုံးတာကိုလည်း ကိုယ်တိုင်ကိုယ် ပါဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြည်သူအားလုံးဘေးကင်းလုံခြုံပြီး အေးချမ်းပျော်ရွှင်စရာကောင်းသည့် သင်္ကြန်အခါသမယ ဖြစ်စေကြောင်းလည်း အမေရိကန်၊ဂျာမနီ ၊ဒိန်းမတ်၊ကနေဒါ၊နော်ဝေ နိုင်ငံ ငါးနိုင်ငံက ဆုမွန်းကောင်းတောင်းပေးထားကြောင်း သိရသည်။ The post မြန်မာ့ရိုးရာမဟာသင်္ကြန်အတွက်အမေရိကန်၊ဂျာမနီ ၊ဒိန်းမတ်၊ကနေဒါ၊နော်ဝေ စသည့် နိုင်ငံများမှ သံရုံးများက နှစ်သစ် ဆုမွန်ကောင်းတောင်းကာ ပါဝင်ဆင်နွှဲ appeared first on Popular .
Go to News Site