Popular Journal
Credit to Popular Journal - ပုသိမ်မြို့တွင် မဟာသင်္ကြန်ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသော ဗဟိုမဏ္ဍပ်ရှိ ဖျော်ဖြေရေးမဏ္ဍပ် ဧပြီ ၁၁ ရက် ည ၈ နာရီခွဲခန့်က ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “မဏ္ဍပ်အစိတ်အပိုင်းများမှာ ၂၀၁၀ခုနှစ်ကတည်းက ပြုလုပ်ထားတာဖြစ်တဲ့အပြင် နေရာတစ်ချို့တွေမှာပြန်လည်အသုံးပြုတာလည်းရှိပ့တယ်။ ထပ်ခါအသုံးပြုနေရတဲ့အတွက် ကြံခိုင်မှုအားနည်းသွားတာဖြစ်ပါတယ်။ ညဘက်လေတစ်ချက်ပြင်းပြင်းဝှေ့လိုက်တော့ ခုလိုပြိုလဲသွားခြင်းဖြစ်ပါတယ်´´ဟု စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူ ဦးကျော်စိုးကပြောသည်။ လက်ရှိတွင် မဏ္ဍပ်ကို ညတွင်းချင်း ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ဖွင့်ပွဲအမီ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ The post ပုသိမ်မြို့ရှိ ဗဟိုမဏ္ဍပ်၏ ဖျော်ဖြေရေးမဏ္ဍပ် ပြိုကျမှု ဖြစ်ပွား appeared first on Popular .
Go to News Site