Popular Journal
Credit to Popular Journal - အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် အားနည်းချက်များကို ဗန့်စ်က ကိုးကားပြောဆိုခဲ့ပြီး အီရန်သည် နျူကလီးယားလက်နက်များ တည်ဆောက်ရေးကိစ္စအပါအဝင် အမေရိကန်၏ စည်းကမ်းသတ်မှတ်ချက်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။ “သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီချက် မရသေးဘူးဆိုတာပါပဲ။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် သတင်းဆိုးဆိုတာထက် အီရန်အတွက် ပိုပြီး သတင်းဆိုးဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဗန့်စ်က ပြောကြားခဲ့သည်။ “ဒါကြောင့် သဘောတူညီချက်မရဘဲ ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုကို ပြန်တာပါ။ ကျွန်တော်တို့ရဲ့ အနီရောင်သတ်မှတ်လိုင်းတွေက ဘာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ဆွေးနွေးမှုများအတွင်း သမ္မတဒေါ်နယ်ထရမ့်ပ်နှင့် သူ ခြောက်ကြိမ်ခန့် စကားပြောခဲ့ကြောင်းလည်း ဗန့်က ပြောဆိုခဲ့သည်။ အစ္စလာမာဘတ်တွင် […] The post အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန် appeared first on Popular .
Go to News Site