Collector
ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး | Collector
ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး
Popular Journal

ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး

Credit to Popular Journal - ပြည်တွင်းလုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလ ၁၇ ရက် နေ့မှ ၂၅ ရက် နေ့အထိ ကျင်းပရန် စီစဉ်ထားသော ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နိမိတ်ကော်မရှင်(ဂျေဘီစီ) အစည်းအဝေးကို ထိုင်းနိုင်ငံက တက်ရောက်ရန် အသင့်မဖြစ်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောက်ကတ်ကောက စနေနေ့တွင် ပြောကြားခဲ့သည်။     ထိုင်းနိုင်ငံကို အစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယား၏ တရားဝင်ဖိတ်ကြားချက်ကို တုန့်ပြန်သည့်အနေဖြင့် ၎င်း၏ မှတ်ချက်များထွက်လာခြင်းဖြစ်ပြီး အချိန်အတန်ကြာ နှောင့်နှေးနေခဲ့သော နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး ကြိုးပမ်းမှုများကို ရှေ့ဆက်တိုးနိုင်လိမ့်မည်ဟု ဖနွမ်းပင်က မျှော်လင့်ထားသည်။      အစည်းအဝေးတွင် ဘန်ကောက်ပါဝင်ရန်ကို အတည်မပြုနိုင်မီ ထိုင်းနိုင်ငံ၏ ဂျေဘီစီ ကိုယ်စားလှယ်အဖွဲ့၏ ဖွဲ့စည်းပုံပြောင်းလဲမှုများကို ဦးစွာ အပြီးသတ်ရမည်ဟု စီဟာဆက်က ပြောကြားခဲ့သည်။ အစည်းအဝေးကျင်းပဖြစ်သည့်တိုင် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကို အလျင်စလိုဦးတည်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ကာလကြာရှည်တည်ရှိခဲ့သော နယ်နိမိတ်ပြဿနာတွင် မြန်မြန်ဆန်ဆန်တိုးတက်မှုမျိုးကို မျှော်လင့်ချက်မထားရန် တိုက်တွန်းခဲ့သည်။       ထိုင်းဘက်ရှိ […] The post ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး appeared first on Popular .

Go to News Site