Collector
မင်းတပ်မြို့ပေါ်ကို စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ အစိုးရရုံးများနှင့် အဆောက်အဦများ မီးလောင်ပျက်စီး | Collector
မင်းတပ်မြို့ပေါ်ကို စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ အစိုးရရုံးများနှင့် အဆောက်အဦများ မီးလောင်ပျက်စီး
Khit Thit Media

မင်းတပ်မြို့ပေါ်ကို စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ အစိုးရရုံးများနှင့် အဆောက်အဦများ မီးလောင်ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၂ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ နေရာအနှံ့အပြားကို ယမန်နေ့ည ၁၀ နာရီဝန်းကျင်အချိန် စစ်တပ်က တိုက်လေယာဉ် ၃ စီးအသုံးပြုကာ မီးလောင်ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုတွင် စစ်တပ်က တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ် ၂ စီးနှင့် မကွေးလေတပ်စခန်းမှ တိုက်လေယာဉ် ၁ စီး၊ စုစုပေါင်း ၃ စီးကို အသုံးပြုခဲ့သည်။ မင်းတပ်မြို့ပေါ်သို့ ဂျက်ဖိုက်တာများဖြင့် မီးလောင်ဗုံး ၇ လုံးခန့် ကျဲချခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် မြေပြင်၌ တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မရှိကြောင်း သိရသည်။ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် မြို့ပေါ်ရှိ အစိုးရရုံးများနှင့် အဆောက်အဦအချို့ မီးလောင်ကျွမ်းခဲ့ပြီး မင်းတပ်မြို့ပြင်နေရာအနှံ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရသည်။ “မင်းတပ်မြို့ပေါ်က […] The post မင်းတပ်မြို့ပေါ်ကို စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ အစိုးရရုံးများနှင့် အဆောက်အဦများ မီးလောင်ပျက်စီး appeared first on Khit Thit Media .

Go to News Site