Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး အသက် ၆၀ ကျော်အရွယ် မျက်မမြင် အဖိုးအိုများ အပါအဝင် ပြည်သူ ၇ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ရွာသစ်ကျေးရွာကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသစ်ကျေးရွာအတွင်းရှိ ဆေးကုသမှုပေးနေသော အဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကာ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ အကြမ်းဖက် စစ်တပ်၏ […] The post မြင်းခြံမြို့နယ်တွင် စစ်တပ်က ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့နေပြီး မျက်မမြင် အဖိုးအိုများ အပါအဝင် ပြည်သူ ၇ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထား appeared first on Khit Thit Media .
Go to News Site