Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၂ အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် ‘သမ္မတ’ အဖြစ် ကူးပြောင်းမှုက မည်သည့်အပြောင်း အလဲမှ ဖြစ်ပေါ်လာမည်ရှိနိုင်မည်မဟုတ်ဘဲ ရာဇဝတ်ကောင် အဖြစ်သာ တရားရင်ဆိုင်ရမည်ဟု Fortify Rights အကြီးတန်းဒါရိုက်တာ Benedict Rogers က ဆောင်းပါးရေးသား ထုတ်ဖော်ပြောဆို သတိပေးလိုက်သည်။ ဧပြီလ ၁၀ ရက်နေ့ UCA News တွင် ၎င်းက အထက်ပါအတိုင်းရေးသားပြီး မင်းအောင် လှိုင် အနေဖြင့် ၎င်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာတရားရုံးတွင် ရင် ဆိုင်ရမည့်နေ့ ရောက်ရှိလာမည်သာ ဖြစ်ကြောင်း သတိပေးသည်။ စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတ ရာထူး ရယူပြီးနောက် စစ်တပ် ဦးစီးချုပ် ရာထူးမှ နုတ်ထွက်ခဲ့ကာ သူ၏ လူယုံထောက်လှမ်းရေးအရာရှိဟောင်း ရဲဝင်းဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ […] The post မင်းအောင်လှိုင် ‘သမ္မတ’ ဖြစ်လာခြင်းက မည်သည့်အပြောင်းအလဲမှ ရှိနိုင်မည်မဟုတ်ဘဲ ရာဇဝတ်ကောင် အဖြစ်သာ တရားရင်ဆိုင်ရမည်ဟု Fortify Rights အကြီးတန်း ဒါရိုက်တာ သတိပေး appeared first on Khit Thit Media .
Go to News Site