Collector
ပျော်ရွှင်စရာပွဲတော်ဖြစ်ပါစေဟုထိုင်းဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း | Collector
ပျော်ရွှင်စရာပွဲတော်ဖြစ်ပါစေဟုထိုင်းဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း
Popular Journal

ပျော်ရွှင်စရာပွဲတော်ဖြစ်ပါစေဟုထိုင်းဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း

Credit to Popular Journal - ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ဆုန်ခရန်ရေပွဲတော်အတွက် ပြည်သူများ ကို ဆုတောင်းမေတ္တာပို့သခဲ့ပြီး နိုင်ငံတစ်ဝန်း ပွဲတော်အခမ်းအနားများအတွင်း ဘေးအန္တရာယ်ကင်းရေးနှင့် တာဝန်ယူစိတ်ကို ဦးစားပေးကာ မိသားစုနှင့်အတူ ဆင်နွှဲကြရန် ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က အစိုးရ၏ Thai Khu Fah ပေ့ချ်တွင် တင်ခဲ့သော ဆုတောင်းစကား၌ ပွဲတော်ကာလအတွင်း ပြည်သူများ ပျော်ရွှင်ကြပါစေကြောင်း ဆုတောင်းပေးခဲ့ပြီး ဘေးအန္တရာယ်ကင်းစွာ စီးနင်းသွားလာကြရန် တိုက်တွန်းခဲ့သည်။ မူးယစ်သောက်စား မောင်းနှင်ခြင်းမလုပ်ကြရန်နှင့် အားလပ်ရက်ကာလအတွင်း အပြည့်အဝအနားယူကြရန် အပါအဝင် ဘေးအန္တရာယ်ကင်းရေးသတိပေးချက်များကို လိုက်နာကြရန် ထပ်လောင်းပြောကြားခဲ့သည်။ ရေကစားသူများ ဘေးကင်းစွာ ဆင်နွှဲနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အာဏာပိုင်များသည် ဘေးကင်းရေးနှင့် ယာဉ်ကြောရှင်းလင်းရေး အစီအမံများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ပွဲတော်အခမ်းအနားများကို ပြည်နယ်အတော်များများတွင် စတင်နေပြီဖြစ်ကာ ဖူးခက်သည် ပထမဆုံး စည်ကားသောရေကစားပွဲများကို တွေ့မြင်ရသည့် ပွဲတော်များထဲတွင် […] The post ပျော်ရွှင်စရာပွဲတော်ဖြစ်ပါစေဟုထိုင်းဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း appeared first on Popular .

Go to News Site