Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၃ အကြမ်းဖက် မင်းအောင်လှိုင် သမ္မတဖြစ်လာသည့် အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးတွင် လမ်းလျှောက် သင်္ကြန်ပွဲတော်များဖြင့် စည်စည်ကားကား နှစ်သစ်ကူးရန် ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ အကြမ်းဖက် စစ်ခေါင်းဆောင်က ၎င်း သမ္မတဖြစ်လာသည့်အထိမ်းအမှတ်အဖြစ် သင်္ကြန်ကာလ ပွဲတော်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်သားသိုက်မြိုက်စွာ ကျင်းပရန်၊ လောင်စာဆီ ချွေတာသည့်အနေဖြင့် လမ်းလျှောက်သင်္ကြန်ပွဲများ၊ ရိုးရာသင်္ကြန် အလှပြပွဲများကိုပါ ထည့်သွင်းကျင်းပရန် ညွှန်ကြားထားခြင်းဖြစ်သည်။ ယင်းအပြင် မင်းအောင်လှိုင်က သမ္မတ အိမ်တော်သင်္ကြန်ပွဲတော် ကျင်းပရန်လည်း ရှိနေပြီး ယင်းအတွက် ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး ၊ သဘင်အစည်းအရုံး အပါအဝင် အနုပညာရှင်၊ အဆိုတော်များလည်း တက်ရောက်ရန် ရှိနေကြောင်း ၊ ပြန်ကြားရေးဝန် ကြီးဌာနက ကိုရီးယားမှ K-pop အဆိုတော်နှင့်အကအဖွဲ့များကိုလည်း ဖိတ်ကြားထားကြောင်း သိရှိရသည်။ […] The post တစ်နိုင်ငံလုံးတွင် လမ်းလျှောက် သင်္ကြန်ပွဲတော်များဖြင့် စည်စည်ကားကား နှစ်သစ်ကူးမှုများ မဖြစ်မနေ လုပ်ဆောင်ရန် ညွှန်ကြားထား၊ သင်္ကြန်ပွဲများအတွက် စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေများ အကြီးအကျယ်ကောက်ခံပြီး စပွန်ဆာပေးခိုင်း appeared first on Khit Thit Media .
Go to News Site