Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့ တွင် ယနေ့ သင်္ကြန်အကြိုနေ့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကာ လေယာဉ်များလည်း ဆက်တိုက်ပျံဝဲနေကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ ဒရုန်းများဖြင့် အပြန်အလှန် တိုက်ခိုက်ပြီး မြေပြင်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကျဲ […] The post သင်္ကြန်အကြိုနေ့ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက် appeared first on Khit Thit Media .
Go to News Site