Collector
နတ်တလင်း လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ဦးသေ၊ ရွာလုံးကျွတ် မီးလောင် | Collector
နတ်တလင်း လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ဦးသေ၊ ရွာလုံးကျွတ် မီးလောင်
Myanmar Now

နတ်တလင်း လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ဦးသေ၊ ရွာလုံးကျွတ် မီးလောင်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အရှေ့ဘက် ကျေးရွာများတွင် ဧပြီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြေပြင် စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး  နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့ကြောင်း ဒေသခံများ၊ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဧပြီလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်က  မြို့အရှေ့မြောက်ဘက် ကိုးမိုင်ခန့်အကွာ  ချောင်းကမ်းကြီးနှင့် ကျွန်းလေးပင်ရွာတို့ကို အင်ဂျင်တပ်လေထီး (ပါရာမိုတာ) သုံးစီးဖြင့် ဗုံးရှစ်လုံးခန့် ကြဲချခဲ့စဉ် ကျွန်းလေးပင်ရွာသား ကိုလပြည့်ဝန်း သေဆုံးခဲ့သည်။ ထိုနေ့ညပိုင်းတွင် မြို့အရှေ့ဘက် ၁၆ မိုင်ကျော်အကွာ တောင်ညိုဆည်၏တောင်ဘက်ကပ်လျက်ရှိ မကျီးပင်ကျေးရွာ စက်လှေဂိတ်ကို လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ထိုတိုက်ခိုက်မှုအတွင်း အသက် ၃၀ ခန့်အရွယ် ကိုထွန်းထွန်းဦး သေဆုံးခဲ့ကြောင်း၊ ဒေသခံနေအိမ်များ …

Go to News Site