Collector
ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင် | Collector
ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်
Popular Journal

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

Credit to Popular Journal - ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပါဝင်ခြင်းမှာ တရုတ်နိုင်ငံနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိသော ဒေသတွင်း အစုအဖွဲ့များတွင် ဂျပန်အနေဖြင့် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာကြောင်း ပြသနေခြင်းကြောင့် ဖြစ်သည်။ ယခုနှစ် Salaknib စစ်ရေးလေ့ကျင့်မှုကို လူဇုန်ကျွန်း မြောက်ပိုင်းတွင် တနင်္လာနေ့မှစတင်၍ ကျင်းပလျက်ရှိပြီး အမေရိကန်နှင့် ဖိလစ်ပိုင်တပ်မတော်တို့မှ စစ်သည်အင်အား ၇,၀၀၀ ကျော် ပါဝင်လေ့ကျင့်လျက်ရှိသည်။ အမေရိကန်တပ်မတော်၏ ပြောကြားချက်အရ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် “တပ်မတော်နှစ်ရပ်အကြား တိုက်ပွဲဝင်ရန် အသင့်ဖြစ်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို မြှင့်တင်ရန်ဖြစ်ပြီး စစ်ရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိကထား လုပ်ဆောင်သွားမည်” ဖြစ်သည်။ ယခုနှစ်တွင် ဂျပန်ကြည်းတပ်မှ စစ်သည်အင်အား […] The post ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင် appeared first on Popular .

Go to News Site