Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၃ ထိုင်း-မြန်မာနယ်စပ်တွင် ဖရဲသီးများ တင်ဆောင်လာသည့် ပစ်ကပ် ဖရဲသီးကားအောက်၌ ဓာတ်ဆီ လီတာ ၄၀၀ နီးပါး ဝှက်သယ်လာပြီး မြန်မာနိုင်ငံဘက်သို့ မှောင်ခိုတင်ပို့ရောင်းချရန် ကြိုးပမ်းသည့် အသက် ၅၆ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ဧပြီလ ၁၂ ရက်နေ့ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ သံဖြူဇရပ်လမ်းကြောင်းရှိ ဘုရားသုံးဆူနယ်စပ်အနီး စံခလဘူရီခရိုင်အတွင်းရှိ ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် အဆိုပါ အမျိုးသားကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ထိုင်းတော်ဝင်စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ထောင်ဖဖွန်ခရိုင်ဘက်မှ ဘုရားသုံးဆူဘက်သို့ မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် နစ်ဆန်း (Nissan) ပစ်ကပ်ကားအနီတစ်စီးကို တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ကားပေါ်၌ စံခလဘူရီတွင် […] The post မြန်မာနိုင်ငံသို့ မှောင်ခိုပို့ရန် ဓာတ်ဆီများကို ဖရဲသီးကားအောက်တွင် ဝှက်သယ်လာသည့် ထိုင်းအမျိုးသားတစ်ဦး ဖမ်းဆီးခံရ appeared first on Khit Thit Media .
Go to News Site