Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၄ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ညွှန်ကြားထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ နယ်မြေများ ဆုံးရှုံးထားရခြင်း၊ စစ်သားများစွာ ဖမ်းဆီးခံထားရခြင်းတို့ကြောင့် ရေပက်ပျော်ပါးရန် စိတ်မပါကြောင်း ဘူးလက်လှဆွေက တုံ့ပြန်ပြောဆိုလိုက်သည်။ ဧပြီလ ၁၂ ရက်နေ့တွင် ဘူးလက်လှဆွေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအပေါ် စိတ်မသက်မသာဖြစ်နေရကြောင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ဘူးလက်လှဆွေက “သင်္ကြန်အကြိုနေ့ပေါ့နော်။ ကျနော်တို့ကို မဖြစ်မနေ ဖိတ်စာနဲ့ဖိတ်တဲ့ သင်္ကြန်ဖွင့်ပွဲတွေဘာတွေကတော့ လူမှုရေးအရ သွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ ဒီလိုကာလမှာ ရေပက်ပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်နေဖို့ စိတ်ထဲမှာ လုံးဝမပါပါဘူး။ ဒါက ကျနော့်စိတ်ရင်းအမှန်ကို ပြောတာပါ” ဟု ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး ရေပက်ကစားရန် စိတ်မပါရခြင်း၏ […] The post မင်းအောင်လှိုင်က တစ်နိုင်ငံလုံး သင်္ကြန် စည်ကားစွာ ကျင်းပရန် အမိန့်ထုတ်ထားချိန် ဘူးလက်လှဆွေက နယ်မြေများ ဆုံးရှုံးနေခြင်းနှင့် စစ်သားများစွာ အဖမ်းခံရထားခြင်းကြောင့် ပျော်ပွဲရွှင်ပွဲများဖြင့် ရေပက်ရန် စိတ်မပါဟုတုံ့ပြန် appeared first on Khit Thit Media .
Go to News Site