Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၄ ချင်းပြည်နယ်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အနေဖြင့် သိမ်းပိုက်ရရှိထားသော ဖလမ်းမြို့အား အကြမ်းဖက်စစ်ကောင် စီတပ်လက်သို့ ပြန်လည်မကျရောက်စေရန်အတွက် မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲ၍ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံကာ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲနေကြောင်း ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်သော CNO/CNDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်၌ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုကို ဆက် လက်ထိန်းသိမ်းသွားမည့်အခြေအနေနှင့် ရှေ့ဆက်မည့် တော်လှန်ရေးလမ်း စဉ်များကို အခုလို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကို တွန်းလှန်ရန် နွေဦးတော်လှန်ရေးနှင့်အတူ သန္ဓေတည်လာခဲ့သော CNO/CNDF သည် ယနေ့တွင် ၅ နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဤငါးနှစ်တာကာလအတွင်း စစ်ရေးနှင့် […] The post ဖလမ်းမြို့ စစ်တပ်လက်အောက်သို့ ပြန်လည်မကျရောက်စေရန် မဟာမိတ်များနှင့်အတူ လက်တွဲကာ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ တွန်းလှန်နေဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပြော appeared first on Khit Thit Media .
Go to News Site