Popular Journal
Credit to Popular Journal - အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ Rich Starry ဟု အမည်ရသော တရုတ်သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစတင်ပြီးကတည်းက ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာနိုင်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း LSEG၊ MarineTraffic နှင့် Kpler တို့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါသင်္ဘောနှင့် ၎င်း၏ပိုင်ရှင်ဖြစ်သော Shanghai Xuanrun Shipping Co Ltd တို့ကို အီရန်နှင့် ဆက်သွယ်လုပ်ကိုင်မှုကြောင့် အမေရိကန်က ပိတ်ဆို့အရေးယူထားခြင်းဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ချင်းတုံ့ပြန်မှု မရှိသေးပေ။ Rich Starry […] The post အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီး ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား appeared first on Popular .
Go to News Site