Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၄ မြန်မာနိုင်ငံ မြောက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက ဓာတ်အားပေးပို့ ကွန်ရက်တည်ဆောက်ရေး အစီအမံနှင့် စီမံချက်ရေးဆွဲရန် တရုတ်နှင့် အကြမ်းဖက်စစ်တပ်တို့ ဆွေးနွေးကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက တောင်ပိုင်းဓာတ်အားသုံးစွဲသည့် ဒေသများသို့ လျှပ် စစ်ဓာတ်အား ထိရောက်စွာ ပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်းကွန်ရက်တည်ဆောက်ရန် ကြိုတင်အစီအမံများနှင့် စီမံချက်များ ရေးဆွဲသွားရန် အကြမ်းဖက်စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီများအကြား ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။ အကြမ်းဖက် စစ်တပ်၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ကိုကိုလွင်သည် ရုရှားနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်အတွင်း ဧပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ရောက်ရှိစဉ် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong အပါအဝင် တရုတ်အစိုးရပိုင် လျှပ်စစ်နှင့်စွမ်းအင်ကုမ္ပဏီများဖြစ်သည့် […] The post မြန်မာနိုင်ငံ မြောက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက ဓာတ်အားပေးပို့ ကွန်ရက်တည်ဆောက်ရေး အစီအမံနှင့် စီမံချက်ရေးဆွဲရန် တရုတ်နှင့် စစ်တပ် ဆွေးနွေး appeared first on Khit Thit Media .
Go to News Site