Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၅ မွန်ပြည်နယ်၊ KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေးကေတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒဏ်ရာရရှိသွားသည့် မြန်မာစစ်တပ်ဘက်မှ စစ်သားတစ်ဦးကို KNLA တပ်ဖွဲ့ဝင်များက လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ထုတ်ပေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခမရ ၂ အခြေချရာ လေးကေတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန် ရေးပူးပေါင်းအင်အားစုများက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ လေးကေတပ်စခန်းသည် စစ်အုပ်စုမှ ၁၉၇၉ ခုနှစ်ကတည်းက စတင်အခြေချခဲ့သည့် စခန်းဟောင်းတစ်ခုဖြစ်ပြီး၊ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တပ်ရင်းမှူးအဆင့်ဖြင့် ဦးဆောင်ခဲ့ဖူးသည့် တပ်စခန်းတစ်ခုလည်း ဖြစ်သည်။ […] The post ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်း သိမ်းပိုက်မှုအတွင်း ဒဏ်ရာရရှိသော မြန်မာစစ်တပ်ဘက်မှ စစ်သားကို KNLA တပ်များက ကယ်ထုတ်ခဲ့ appeared first on Khit Thit Media .
Go to News Site