Collector
အပြုသဘောတွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုများကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု MOFA အမြဲတမ်းအတွင်းဝန်တိုက်တွန်း | Collector
အပြုသဘောတွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုများကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု MOFA အမြဲတမ်းအတွင်းဝန်တိုက်တွန်း
Popular Journal

အပြုသဘောတွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုများကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု MOFA အမြဲတမ်းအတွင်းဝန်တိုက်တွန်း

Credit to Popular Journal - အပြုသဘောတွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုများကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက တိုက်တွန်းပြောကြားသည်။ ပြီးခဲ့သည့် ဧပြီ ၁၃ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အရှေ့အလယ်ပိုင်းဒေသအခြေအနေနှင့်ပတ်သက်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ၏ ဒုတိယအကြိမ် အထူးအစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ အမြဲတမ်းအတွင်းဝန်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူကြီး (၅)ချက်အပေါ်အခြေခံသည့် အပြုသ ဘောတွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုများကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဖြစ်၍ အရှေ့အလယ်ပိုင်းပဋိပက္ခတွင် ပါဝင်ပတ်သက်သည့်နိုင်ငံများအနေ ဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန်လေးစားပြီး ပဋိပက္ခနှင့် တင်းမာမှုများကိုလျှော့ချကာ ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာရန် တိုက်တွန်းပြောကြား ခဲ့သည်။ ထို့အတူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အရှေ့အလယ်ပိုင်းဒေသ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ စွမ်းအင်လုံခြုံရေးနှင့် စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍများတွင် အာဆီယံအပေါ် အကျိုးသက်ရောက်မှုအခြေအနေများနှင့် ဖြစ်နိုင်ခြေရှိသော ရှေ့ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ The post အပြုသဘောတွေ့ဆုံဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုများကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု MOFA အမြဲတမ်းအတွင်းဝန်တိုက်တွန်း appeared first on Popular .

Go to News Site