Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၅ မြန်မာနိုင်ငံတွင် စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းနှင့် ဖိနှိပ်မှုများကြောင့် မြန်မာလူငယ်ပေါင်း ၅ သိန်းခန့်မှာ နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်တွင် တင်ပြပြောဆိုလိုက်သည်။ ဧပြီလ ၁၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပနေသည့် ၅၉ ကြိမ်မြောက် ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် အစည်းအဝေး၏ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းတို့ကြောင့် လူငယ်ပေါင်း ၅ သိန်းခန့်မှာ နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ရကြောင်း UNDP ၏ အစီရင်ခံစာကို ကိုးကား၍ သံအမတ်ကြီးက ပြောဆိုသည်။ စစ်အာဏာရှင်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နည်းပညာကို […] The post မြန်မာနိုင်ငံတွင် စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းတို့ကြောင့် လူငယ်ပေါင်း ၅ သိန်းခန့်မှာ နိုင်ငံမှ ထွက်ခွာသွားခဲ့ရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို appeared first on Khit Thit Media .
Go to News Site