Popular Journal
Credit to Popular Journal - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အ တွက် ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူများဖြစ်သည့် ဒု-သမ္မတနှစ်ဦးအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခဲ့သည်။ ဒု-သမ္မတဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား နိုင်ငံ တော်သမ္မတက သုဓမ္မသင်္ဂဟဘွဲ့ဖြစ်သည့် “မဟာသီရိသုဓမ္မ”ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်သည့် “သတိုးမဟာသရေစည်သူ”ဘွဲ့အား ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)၊ “မ ဟာသရေစည်သူ”ဘွဲ့အား ဒု-သမ္မတဦးညိုစော၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးတို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် “သီရိပျံချီ”ဘွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်(ငြိမ်း)ဦးစိုးဦး၊ “ဝဏ္ဏကျော်ထင်”ဘွဲ့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး (ငြိမ်း)ဦးဇော်ဝင်းတို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ The post ဒု-သမ္မတနှစ်ဦးအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့် appeared first on Popular .
Go to News Site