Collector
နိုင်ငံတော်သမ္မတက အကျဥ်းသား/သူ(၄,၃၃၅)ဦးကို လွတ်ငြိမ်းခွင့်ပြု | Collector
နိုင်ငံတော်သမ္မတက အကျဥ်းသား/သူ(၄,၃၃၅)ဦးကို လွတ်ငြိမ်းခွင့်ပြု
Popular Journal

နိုင်ငံတော်သမ္မတက အကျဥ်းသား/သူ(၄,၃၃၅)ဦးကို လွတ်ငြိမ်းခွင့်ပြု

Credit to Popular Journal - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၁၇ ရက်တွင်ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ အကျဥ်းသား/သူ (၄,၃၃၅)ဦးကို ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူ သားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်နိုင်စေရန် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအ သီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ(၄,၃၃၅)ဦးကို ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသောစည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ် ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ The post နိုင်ငံတော်သမ္မတက အကျဥ်းသား/သူ(၄,၃၃၅)ဦးကို လွတ်ငြိမ်းခွင့်ပြု appeared first on Popular .

Go to News Site