Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၇ ၂၀၂၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ် အကြမ်းဖက် မင်းအောင်လှိုင်က ၎င်းကိုယ်ကိုယ် “နိုင်ငံတော်သမ္မတ” အဖြစ် သုံးနှုန်းပြီး အကျဉ်းသား ၄,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးကြောင်း ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ အကျဉ်းသား/သူ စုစုပေါင်း ၄,၃၃၅ ဦး ကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အဆိုပါလွတ်ငြိမ်းခွင့်တွင် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုလွတ်ငြိမ်းခွင့်ပေးခဲ့သည့် ပြစ်ဒဏ်များကိုပါ ပေါင်းစပ်ကျခံရမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။ ယင်းအပြင် လက်ရှိ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသည့် အကျဉ်းသားများအတွက် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခဲ့ပြီး သေဒဏ်ပြစ်ဒဏ်ကျခံရသူများကို ထောင်ဒဏ်တစ်သက်သို့ […] The post အကြမ်းဖက် မင်းအောင်လှိုင်က အကျဉ်းသားအကျဉ်း ၄၃၃၅ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး appeared first on Khit Thit Media .
Go to News Site