Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း စစ်တပ်ထောက်ခံသော Popular News Journal သတင်းဌာန၊ NP News အပါအဝင် စစ်တပ်၏ သတင်းတယ်လီဂရန်ချန်နယ်များအားလုံးက တစ်ပြိုင် နက်တည်း သတင်းဖော်ပြ ထုတ်ပြန်ကြသည်။ ယနေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ရက်နေ့ အကြမ်းဖက် မင်းအောင်လှိင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လက်ရှိကျခံနေရသော ပြစ်ဒဏ်များအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မိသားစုထံသို့ ပြန်လည် လွှဲပြောင်းလိုက်ကြောင်း စစ်တပ်ထောက်ခံသော သတင်းဌာနများနှင့်တယ်လီဂရန်ချန်နယ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက အဆိုပါသတင်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဘက်သို့ အတည်ပြု ဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အတည်ပြုချက် မပေးနိုင်သေးဟု NUG ဘက်က တုံ့ပြန်ပြောဆိုသည်။ […] The post နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာဟု စစ်တပ်ထောက်ခံသော သတင်းဌာနများနှင့်တယ်လီဂရန်ချန်နယ်များက တစ်ပြိုင်နက်တည်း သတင်းဖော်ပြ appeared first on Khit Thit Media .
Go to News Site