Popular Journal
Credit to Popular Journal - အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး လက်ကျန်ကာလများအတွက် ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောများအတွက် “အပြည့်အဝ ဖွင့်လှစ်ပေးမည်” ဟု အီရန်က ပြောကြားခဲ့ပြီးနောက် ရေနံစျေးနှုန်းများ သိသိသာသာ ကျဆင်းသွားခြင်းဖြစ်သည်။ သောကြာနေ့အစောပိုင်းတွင် တစ်စည်လျှင် ၉၈ ဒေါ်လာအထက် ရှိခဲ့သော ဘရန့်ခရုဒ်(Brent crude) ရေနံစျေးနှုန်းသည် အဆိုပါထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ၈၈ ဒေါ်လာ (၆၅ ပေါင်) အထိ ကျဆင်းသွားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားသည် အီရန်နိုင်ငံတောင်ဘက်ရှိ ကျဉ်းမြောင်းသော ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ကို ၎င်းမှတစ်ဆင့် ပုံမှန်သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့သော်လည်း ရေကြောင်းအဖွဲ့အစည်းများကမူ အဆိုပါအခြေအနေကို ဆက်လက်စိစစ်နေဆဲဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်က “အပစ်အခတ်ရပ်စဲရေး လက်ကျန်ကာလအတွင်း ဟော်မုဇ်ရေလက်ကြားကနေ ကုန်သွယ်ရေးသင်္ဘောအားလုံး […] The post ဟော်မုဇ်ရေလက်ကြားကို အပစ်အခတ်ရပ်စဲရေးကာလအတွင်း “ဖွင့်လှစ်ထားမည်” ဟု အီရန်က ကြေညာခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ထိုးဆင်း appeared first on Popular .
Go to News Site