Collector
ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်” အစီအစဉ်ကို ဧပြီလ ၂၀ ရက်တွင် စတင်မည် | Collector
ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်” အစီအစဉ်ကို ဧပြီလ ၂၀ ရက်တွင် စတင်မည်
Popular Journal

ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်” အစီအစဉ်ကို ဧပြီလ ၂၀ ရက်တွင် စတင်မည်

Credit to Popular Journal - ပြည်သူလူထု၏ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေရန် ပြည်သူ့အစိုးရမှ ရက် (၁၀၀) စီမံချက်အစီအစဉ်တွင် အောက်ပါလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) အသစ်လျှောက်ခြင်း၊ အမည်ပြောင်းခြင်း၊ ရသင့်ရထိုက်သောမြေဌားဂရန်နှင့် စက်မှုမြေငှားဂရန်များ၊ လဝက၏ အိမ်ထောင်စုဇယား ပုံစံ(၁၀)နှင့် နိုင်ငံသားကဒ်မှတ်ပုံတင်အသစ်ပြုလုပ်ခြင်း၊ အ ဟောင်းလဲလှယ်ပေးခြင်း၊ အသက်အရွယ်လိုက် သတ်မှတ် မှတ်ပုံတင်ပြောင်းလဲပြုလုပ်ပေးခြင်း၊ UID ရို-က်ကူးပေးခြင်းနှင့် E – ID Server ရှိ အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များစီစစ်ပေးခြင်းနှင့် ပြင်ဆင်ပေးခြင်းတို့ကို ဧပြီ လ(၂၀) ရက်မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြော င်း သိရသည်။ အစိုးရ၏ ရက် (၁၀၀) စီမံကိန်းလုပ်ဆောင်မည့် အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းဝေးခန်းမတွင် ဝန်ကြီးချုပ်ကျမ်းသစ္စာကျိန်ဆိုအပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းလဲ သိရသည်။ The post ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်” အစီအစဉ်ကို ဧပြီလ ၂၀ ရက်တွင် စတင်မည် appeared first on Popular .

Go to News Site