Popular Journal
Credit to Popular Journal - နိုင်ငံတော်သမ္မတရုံး၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကို ဧပြီ ၁၇ ရက်နံနက် ၁၀ နာရီကကျင်းပရာ မာရဝိဇယကျောင်းဆရာတော်နှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အောင်စည်သာကျောင်းတိုက်ဆရာတော်တို့အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ နိုင်ငံတော်သမ္မတရုံး၏ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီနှင့် တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါ စာများကို ရွတ်ပွားပူဇော်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ The post နိုင်ငံတော်သမ္မတရုံး၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာယူ appeared first on Popular .
Go to News Site