Popular Journal
Credit to Popular Journal - မြန်မာသံရုံး၊ ပေကျင်းမြို့မှ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၇ ရက်ကပြုလုပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်များမှ တရားဒေသနာတော်များရွတ်ဆိုပူဇော်ပေးပြီး သံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံအမတ်ကြီးမှ နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် ဆီထမင်း၊ ကြာဇံကြော်၊ သစ်သီးတို့ကို စတုဒိသာအဖြစ်ကျွေးမွေးလှူဒါန်းခဲ့ကြသည်။ The post ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊ စတုဒိသာကျွေးမွေး appeared first on Popular .
Go to News Site