Khit Thit Media
ရန်ကုန်၊ ဧပြီ ၁၈ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာသည်မှလွဲ၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြောင်းခြင်းနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ လွတ်မြောက်လာခြင်းများ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် လွတ်ငြိမ်း ချမ်း သာခွင့် ကြေညာခဲ့ပြီး အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် သမ္မတဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာသည်မှလွဲ၍ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍သော်လည်းကောင်း၊ NLD CEC များနှင့်ပတ်သက်၍ သော်လည်း ကျန်ရှိသော သတင်းများမှာ အတည်မပြုနိုင်ကြောင်း ဦးနေဘုန်းလတ်က ပြောဆိုသည်။ “လက်ရှိအချိန်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် မိသားစုဆီ ပြန်လည်ရောက်ရှိတာတစ်ခုကသာ သတင်းအမှန်ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတယ်။ ဘဘဦးဝင်းထိန်လွတ်တယ်။ ဝန်ကြီးချုပ်အချို့လည်း လွတ်တယ် […] The post နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာသည်မှလွဲ၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ပြောင်းခြင်းနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ လွတ်မြောက်လာခြင်းများ မရှိဟုဆို appeared first on Khit Thit Media .
Go to News Site